VOL.4 , No 40,1 September 2010
Download Myanmar Font
Choose By Year : Choose By Month :

Journal Issue :

  Recent Updated Article(s)
င်္Facebook နိုင်ငံတော်
ARTICE(S) FOR THIS WEEK
Facebook နိုင်ငံတော်
သန်းထိုက်စိုး

ဒေးဗစ်ကင်မရွန်းသည် ဗြိတိန်နိုင်ငံ၏ ဝန် ကြီးချုပ်ဖြစ်ပြီးသည့်နောက်၊ နိုင်ငံသူ နိုင်ငံသား သန်းပေါင်းများစွာတို့အတွက် ပို၍တာဝန်ကျေ သောသူဖြစ်အောင်၊ ပို၍ထိနိုင်တွေ့နိုင်သောသူ ဖြစ်အောင် မည်သို့မည်ပုံ လုပ်ရမည်ကို အကြံ ပေးနိုင်မည့်လူအား ရှာဖွေခဲ့ကြောင်း သိရသည်။
ဒေးဗစ်ကင်မရွန်းသည် သူ လိုချင်သည့် အကြံဥာဏ်တွေကို အစိုးရထိပ်သီးပိုင်းက ဝါရင့်၊ သမ္ဘာရင့်ကြီးများဆီမှာ တောင်းခံခဲ့ပါသလား။ နိုး . . .၊ နိုး . . . မတောင်းခံခဲ့ပါ။ ကင်မရွန်း သည် မည်သူမှ မထင်မှတ်ထားသော လူတစ် ယောက်ဆီကို ဦးလှည့်ခဲ့လေသည်။ ထိုသူကား Facebookကို တည်ထောင်သူ မာ့ခ်ကာဘတ် ဖြစ်၏။Facebook သည် လူမှုဆက်သွယ်ရေး ဝက်ဘ်ဆိုက်တွေထဲတွင် အအောင်မြင်ဆုံး ဝက်ဘ် ဆိုက်ဖြစ်သည်။ ပြီးခဲ့သည့် ဇူလိုင် ၂၁ ရက်နေ့ က အဖွဲ့ဝင်သန်းငါးရာပြည့်ကြောင်း Facebookသု က ထုတ်ပြန်ကြေညာခဲ့သည်။ ဗြိတိန်ဝန်ကြီး ချုပ် ကင်မရွန်းနှင့် င်္ခေနဘသသု တည်ထောင်သူ ကာဘတ်တို့သည် အွန်လိုင်းမှတစ်ဆင့် ဗီဒီယို ကွန်ဖရင့်သဘော အပြန်အလှန်ဆွေးနွေးခဲ့ကြ သည်။ လူမှုဆက်သွယ်ရေး ကွန်ရက်များက အစိုးရကို မည် သို့မည်ပုံ ကူညီနိုင်မည့်အကြောင်းများကို အဓိကထား ဆွေးနွေးသွားကြသည်။ ထိုဆွေးနွေးပွဲကို ကြည့်ရ သည်မှာ နိုင်ငံ့ခေါင်းဆောင်ကြီးတစ်ယောက်က ပုဂ္ဂလိက စီးပွားရေးသမားတစ်ယောက်ထံမှ အကြံ ဥာဏ်တောင်းတယ်လို့ ဆိုရမလား၊ နိုင်ငံအကြီးအကဲ တစ်ယောက်က အခြားအကြီးအကဲတစ်ယောက်နဲ့ အကြံဥာဏ်ချင်း ဖလှယ်ကြသည်ဟု ဆိုရမလား။
Facebookကို နိုင်ငံတစ်နိုင်ငံအဖြစ် တင်စား ပြီး၊ မစ္စတာဇူးကာဘတ်ကို ထိုနိုင်ငံ၏ အာဏာပိုင် ဟု တင်စားပြောရလျှင် တားချင်သူများရှိ ကောင်း ရှိနိုင်ပါသည်။ အကြောင်းမှာ Facebookု တွင် နိုင်ငံ တစ်နိုင်ငံနဲ့တူသော လက်ဆုပ်လက်ကိုင်ပြစရာ အ ထည်ဒြပ်မရှိသောကြောင့်တည်း။ သူ့မှာ မြေနေ ရာမရှိ၊ တရားဥပဒေ မရှိ။ ဥပဒေကို အသက် သွင်းပေးမည့် ဥပဒေဘက်တော်သားလို့လည်း မရှိ။ အုပ်ချုပ်ခံ နိုင်ငံသားလည်း မရှိ။ စည်းမျဉ်းစည်း ကမ်းလည်းမရှိ၊ သူ့တိုင်းပြည်၏ ယဉ်ကျေးမှုအမွေအနှစ် လည်း လက်ညှိုးထိုးပြစရာမရှိ။ တခြား နိုင်ငံတွေ မှာ နိုင်ငံသားခံယူဖို့၊ ပြန်နုတ်ထွက်ဖို့နဲ့ နှိုင်းစာ လျှင် Facebookု နိုင်ငံတော်မှာတော့ နိုင်ငံသား ဖြစ်ဖို့၊ ပြန်နုတ်ထွက်ချင် ထွက်ဖို့သည် လွယ် လွန်းနေသည်။Facebookု ၏ အာဏာပိုင်ကြီး မစ္စတာဇူးကာဘတ်ရော၊ အဖွဲ့ဝင်ဒါရိုက်တာ လူကြီးများပါသည်လည်း နိုင်ငံသားများ၏ မဲပေး ရွေးချယ်ခြင်း၊ မဲပေးဖြုတ်ချခြင်း အန္တရာယ်မှ လွတ်နေကြသည်။Facebook အာဏာပိုင်များ ဂရုတစိုက် အစီရင်ခံရသည့်လူဆိုလို့ Facebook၏ ရှယ်ယာပိုင်ရှင်များသာရှိသည်။
သို့တိုင် အင်တာနက်သုံးစွဲသူ အ တော်များများကတော့ Facebookသည် နိုင်ငံတော် တစ်ခု အလား ထင်မှတ်ရပါသည်ဟု ပြောကြသည်။ တစ်ယောက်နဲ့ တစ်ယောက် အသိမိတ်ဆွေ ဖွဲ့ နိုင်တယ်၊ ကိုယ့်ကြမ္မာကိုယ် ဖန် တီးနိုင်တယ်။ ဒါဟာ တကယ့်အ ပြင်က နိုင်ငံတော် တစ်ခုအတိုင်း ပါပဲဟု ဖီလာဒဲလ်ဖီးယားပြည်နယ် ရှိ တမ်ပယ်တက္ကသိုလ် ဥပဒေ ပါမောက္ခ ဒေးဗစ်ပို့စ်က ပြောသည်။
အရင်က သတင်းစာတွေ၊စာအုပ် စာပေတွေသည် လူတွေကို နိုးကြားစေ၊ ထကြတော်လှန်စေခဲ့ကြသလို၊ ယနေ့ ခေတ် အင်တာနက် ကွန်ရက်တွေသည် လည်း ထိုသို့ပြုလုပ်နိုင်မည်မှာ မလွဲဧကန် ဖြစ်သည်။
Code:Version 2.0 အမည်ရှိ စာအုပ် ကို ရေးသားသူ ဥပဒေပညာရှင် လောရင့် လက်ဆင်းကလည်း သူ့စာအုပ်ထဲတွင် ဤသို့ ရေးထားသည်။ ယနေ့ခေတ် အင်တာနက်ကွန် ရက်တွေသည် ပထဝီနယ်နိမိတ်ဆိုတာတွေကို ရိုက်ချိုးလိုက်ပြီဖြစ်ကြောင်း၊ ယနေ့ခေတ်ကြီး တွင် မည်သူတစ်ဦးတစ်ယောက်မျှ တစ်ကိုယ် ထီးတည်း နေလို့မရနိုင်တော့ကြောင်း ရေးထား သည်။Facebook ကို နိုင်ငံတစ်နိုင်ငံအဖြစ် သတ် မှတ်မည်ဆို ထိုနိုင်ငံသည် ယနေ့စံနှုန်းနဲ့ဆို ကမ္ဘာ ပေါ်တွင် တတိယလူဦးရေအများဆုံးနိုင်ငံ ဖြစ် ပေလိမ့်မည်။ လာမည့် နှစ်အနည်းငယ်အတွင်း မှာပင် အဖွဲ့ဝင်ပေါင်း တစ်ဘီလီယံပြည့်ပါလိမ့် မည်ဟု မစ္စတာဇူးကာဘတ်က ယုံကြည်မှုအပြည့် ဖြင့် ပြောပါသည်။ ယနေ့အချိန်ထိFacebook လို အဖွဲ့ဝင် များပြားသည့် ဝက်ဘ်ဆိုက်မျိုးမပေါ်ဖူးသေးပါ။Facebook လို တကယ့်လောက နှင့် လေလှိုင်းပေါ်ကလောကကို တစ်သား တည်းဖြစ်အောင် ပေါင်းပေးနိုင်သည့် အဖွဲ့အ စည်းမျိုးလည်း မပေါ်ဖူးသေးပါ။သုံးစွဲသူများ၏ အမြင်အရတော့ Facebookသည် လွတ်လပ်မှုရှိသော နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ကိုယ့်အထင်ကိုယ်လွတ်လွတ်လပ်လပ် ပြောဆိုနိုင်ခွင့်ရှိသည်။ ထောက်ခံလိုတာကို ပွင့် ပွင့်လင်းလင်း ထောက်ခံနိုင်သလို၊ ကန့်ကွက်လို တာကိုလည်း ပွင့်ပွင့်လင်းလင်း ကန့်ကွက် နိုင်သည်။ သို့သော် လွတ်လပ်တိုင်း ကောင်း ပါမည်လား၊ စဉ်းစားစရာ ရှိလာသည်။ Facebook မှာ ရော တိုင်းပြည်တစ်ပြည်မှာ ပါ စည်းကမ်းဥပဒေတွေ မလို အပ်တော့ဘူးလား။ စွန့်ဦးတီ ထွင်လုပ်ငန်းကြီးတစ်ခုဖြစ်သော Union Square Voturesကို တည်ထောင်သူ ဘရတ်ဒ်အာဟမ်ကတော့ လိုအပ်ကြောင်းပြော သည်။ ဥပဒေစည်းကမ်းတွေရှိမှသာ ဝင်သုံးသူ တစ်ဦးချင်းတစ်ယောက်ချင်းအတွက်ရော၊ အ သင်းအဖွဲ့ကြီးတွေအတွက်ပါ ကိုယ့်အချိန်တွေ၊ သတင်းအချက်အလက်တွေကို စိတ်ချလက်ချ မြှုပ်နှံသုံးစွဲနိုင်မှာဖြစ်ပါတယ်ဟုပြောသွားသည်။
Facebookု ကလည်း ထိုအချက်ကို လျစ် လျူရှုမထားခဲ့ပါ။ တကယ့်အပြင်က အစိုးရ တွေတိုင်းပြည်ကိုနိုင်ငံရေးအရလည်းကောင်း၊ စီးပွားရေးအရလည်းကောင်း လမ်းကြောင်း ပေးသလို Facebookု ကလည်း သူ့အွန်လိုင်း စီးပွားရေးကို လမ်းကြောင်းပေးဖို့ ကြိုးစား နေသည်။ယခုနှစ် အစောပိုင်းတွင် Facebookသည် သူ့ဝက်ဘ်ဆိုက်ပေါ်တွင်Facebook ငွေကြေးကို သုံးစွဲနိုင်ဖို့ စီစဉ် ခဲ့သည်။Facebook ငွေကြေးကို ဖန် တီးရခြင်းမှာ သုံးသူများ အကျိုးအ တွက်ဖြစ်ကြောင်း Facebookု က ပြောပါသည်။
မိမိကို ထောက်ခံမဲပေး နေသူများအပေါ် လုံးလုံး မှီခိုနေရ သော တကယ့်အပြင်က နိုင်ငံ ရေးသမားများလိုပင် Facebookသည်လည်း မိမိအဖွဲ့ဝင်များ၏ သဘောထားအမြင်ကို အချိန် ပြည့်တောင်းခဲ့ပြီး ဂရုစိုက်နေ ကြရသည်။ အသစ်ချမှတ်ချင် သည့် စည်းကမ်း၊ နည်း လမ်းများနှင့် ပတ်သက်ပြီး သုံးသူတွေကြိုက်မကြိုက် ကို အမြဲတမ်း စာရင်း ကောက်ယူ နေသည်။ ရှေ့ဆက်ပြီး ဘာစည်း ကမ်းနည်းလမ်း တွေ ထုတ်ပြန်သင့်၊ပယ်ဖျက် သင့်တာကိုလည်း အွန်လိုင်းဆွေး နွေးပွဲများလုပ်ပြီး အားလုံးဝင် ရောက်ဆွေးနွေးခွင့် ပေးထား သည်။တကယ့်နိုင်ငံရေးသမား ကြီးများ အမှားနဲ့မကင်းသလို ပင် Facebook သည်လည်း အမှားနဲ့မကင်းခဲ့ပါချေ။ ပြီး ခဲ့သည့်နှစ်ကFacebook သည် သုံးစွဲသူကိုယ်တိုင် သာ သိခွင့်ရှိနိုင်သောတချို့ကိုယ်ရေးအချက်အလက်များကို အခြား လူတွေပါ ဝင်ကြည့်နိုင်အောင် လုပ်လိုက်မိ သဖြင့်၊ သုံးသူတွေ ပွမ်တာတော်တော် ခံလိုက် ရသေးသည်။ မစ္စတာ ဇူးကာဘတ်သည် သူ့အိပ်မက်ဖြစ်သော ကမ္ဘာ့လူသုံးအများဆုံး လူမှု ကွန်ရက်တစ်ခု ထူထောင်ဖို့ဟူသော အလုပ် ကိုတောင် အောင်မြင်အောင် လုပ်နိုင်ခဲ့ပြီမို့၊ တစ်ဆင့်တက်၍ ကွန်ရက်မှာ စည်းမျဉ်းဥပဒေ တွေ ရေးဆွဲဖို့ကိုလည်း အောင်မြင်အောင် လုပ် နိုင်လိမ့်မည်ဟု မျှော်လင့်ရသည်။
ပြီးခဲ့သော အဖြစ်အပျက်တွေကိုပြန်ကြည့် လျှင် လွတ်လပ်မှုရှိတိုင်းလည်း လူကြိုက်မများ နိုင်ကြောင်းကို မြင်ရမည်ဖြစ်သည်။ ပြ My Space ကိုကြည့်ပါ။ ယခင်ကဆို ပြ My Spaceသည် Facebook ထက်တောင် လူကြိုက်များခဲ့ပါသေး သည်။ သို့သော် ပြ My space မန်နေဂျာများ သည် ဝက်ဘ်ဆိုက်ကို အစွမ်းကုန် လွတ်လပ် ရေးပေးပြီး၊ အထိန်းအကွပ်မရှိ လွတ်လွတ်လပ် လပ်ဖြစ်အောင် လုပ်ချလိုက်သောအခါ၊ လွတ် လပ်လွန်းတကြီးကို သုံးသူတွေ စိတ်ညစ်ပြီး အဖွဲ့ဝင်တွေလျှော့ပြီးရင်း လျှော့သွားရတော့ သည်။ လွတ်လပ်တယ်ဆိုတိုင်း မကောင်း၊ ထိန်း ထိန်းသိမ်းသိမ်း လွတ်လပ်ခြင်းနှင့် ဗရမ်းဗတာ လွတ်လပ်ခြင်းကြားမှာ စည်းပါးပါးလေးတစ် ကြောင်း သားလျက်ရှိသည်။ ထိုစည်းကို ဘယ် နေရာမှာ ဆွဲကန့်ထားရမည်ကို သိတတ်ဖို့လို သည်။ ဘယ်နားထိသာ လွတ်လပ်ရမည်၊ ဘယ် နားရောက်ရင်တော့ စည်းဆွဲပြီး ပိတ်လိုက်ဖို့လိုပြီကို မသိလျှင် ပြ My Space လို လူတွေချဉ် တာခံရလိမ့်မည်။
အင်တာနက်ကွန်ရက်သည် ပထဝီအနေ အထားအကန့်အသတ်ဘောင်၊ နိုင်ငံနယ်နိမိတ် တွေကို ရိုက်ချိုးပစ်သည်မှန်သော်လည်း၊ တကယ့် အစိုးရတွေမှာ ထိုကွန်ရက်ကို အသက်မဲ့သွား စေမည့် ဝှက်ဖဲကလေးများရှိကြဆဲ ဖြစ်ပါသည်။ ဥပမာ- တရုတ်ပြည်မှာFacebookု ကို ပိတ်ထား သည်ကို မြင်နိုင်သည်။ မေလတုန်းကလည်း ပါကစ္စတန်က Facebookု ကို ယာယီပိတ်ပစ်ခဲ့ သည်။ Facebookက မာစတာကြီးများ အပြော အရ သူတို့ရည်မှန်းချက်မှာ ကမ္ဘာ့ရွာကြီးထဲက ရွာသူရွာသားများကို တစ်ဦးနဲ့တစ်ဦး နီးနိုင်သမျှ နီးအောင် ကပ်ပေးနိုင်ဖို့ဖြစ်ကြောင်း သိရပါ သည်။ Facebookု ကြောင့် လူအချင်းချင်း ပိုဆက် သွယ်နိုင်လာတာကြောင့် ပေါ်ထွက်လာတဲ့ အ ကြောင်းအရာသစ်၊ အိုင်ဒီယာအသစ်တွေဟာ အများကြီးပါ။ နောင် မျိုးဆက်တွေ လက်ထက် လောက်မှ ဖြစ်နိုင်မှာပါလေလို့ကျွန်တော်တို့ခန့်မှန်းထားတာတွေဟာ Facebookု ကြောင့် အခုမျိုးဆက်မှာတင် ဖြစ်လာတာတွေ ရှိပါ တယ်ဟု အင်ဒီယားနားတက္ကသိုလ်မှ ပါမောက္ခ အပ်ဒွပ်ကတိစ်ထရိုနိုဗာက ပြောသည်။
Facebookသည် အစိုးရအဖွဲ့အစည်းတွေ နဲ့လည်း ဝန်ဆောင်မှုပေးနိုင်တာချင်း အပြိုင် ဖြစ်လာသည်ကို တွေ့ရသည်။ ထို့ကြောင့် လူမှု ဆက်သွယ်ရေးကွန်ရက်တွေသည် နိုင်ငံရေးပိုင်း မှာရော ဘယ်လောက်လွှမ်းမိုးမှုရှိလာမလဲ စောင့် ကြည့်ကြရမည်။ လောလောဆယ် မြင်နေရသ လောက်ဆို လူမှုရေးကွန်ရက်တွေသည် ဆွေး နွေးပွဲတွေ ကျင်းပနိုင်အောင် အများကြီးကူညီ နိုင်သည်ကို တွေ့နိုင်သည်။ စည်းရုံးရေးတွေလည်း အများကြီး ထိထိရောက်ရောက် လုပ်နိုင်သည်။ ပြီးတော့ အစိုးရတွေပြဌာန်းလိုသော စည်းမျဉ်း ဥပဒေသစ်များကို လူမှုကွန်ရက်ဝက်ဘ်ဆိုက်များ မှတစ်ဆင့် လူထုထံ ပဏာမတင်ပြပြီး သဘော ထားမည်သို့ရှိကြောင်း လေ့လာလို့ရနေပြီ။
သံတမန်ဆက်ဆံရေး အတော်များများ၏ ပုံစံအတိုင်း ယခုကြည့်နေသော်လည်း၊ မကြာ ခင် တစ်ခုခုသောအကြောင်းကြောင့် ကြည့် နေသူချင်းပင် ရန်သူပမာဖြစ်သွားတတ်သလို ပင်။ ယခုလည်း ထိုဆွေးနွေးပွဲပြီးလို့ ရက်အ နည်းငယ်ပဲ ရှိသေးသည်၊ ဗြိတိန်အစိုးရသည် Facebook ကို ကန့်ကွက်ရှုတ်ချလိုက်သည်ကို တွေ့ရပြန်ပါသည်။ လူသတ်သမားတစ်ယောက် က သူသတ်ခဲ့သည့်အကြောင်းတွေ၊ ဓာတ်ပုံတွေ ကို Facebookု မှာ တင်တာကို Facebookု က ဖြုတ်ချမပစ်ဘဲ ခွင့်ပြုထားလို့ဟု သိရပါသည်။ နောက်တော့ တင်တဲ့လူကပဲ သူ့ဘာသာ ပြန် ဖြုတ်ချသွားသည်ကို တွေ့ရသည်။ Facebookကတော့ ဖြုတ်ချပစ်ဖို့ ငြင်းခဲ့ပါသည်။
Facebookဟာ တရားစီရင်တဲ့နေရာ မဟုတ်ပါဘူး။Facebookု ဆိုတာ လူတိုင်းလူ တိုင်း ကိုယ့်အထင်အမြင်ကို လွတ်လပ်စွာတင် ပြခွင့်၊ ဆွေးနွေးခွင့်ရှိတဲ့နေရာပါဟု Facebookက ပြောသွားသည်။
မစ္စတာဇူးကာဘတ်ကား တကယ့်ပထဝီ မြေကြီးကို ပိုင်စိုးသောအာဏာပိုင်တစ်ယောက် မဟုတ်သော်လည်း၊ လေလှိုင်းပေါ်က သူ့နိုင်ငံ တော်ကြီးကိုတော့ မည်သူတစ်ဦးတစ်ယောက် ၏ သြဇာအာဏာအောက်ကိုမှ အရောက်ခံ မည်မဟုတ်ကြောင်း အထက်ပါ စကားကကောင်း ကောင်း သက်သေပြနေလေသည်။
မူရင်း။ ။ The Future is another country(The Economist)သန်းထိုက်စိုး
Comment
comment များကို စီစစ်၍ ဖော်ပြပေးမည် ဖြစ်သောကြောင့် လိပ်စာများကို အမှန်အတိုင်း ဖြည့်စွက်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်။
    Your Comment:   
      Your Name:   
      Your Email:   
      Postal Code:   
      Address: