|
 |
နိုင်ငံများ၏ခေတ်နှင့် မြို့ပြများ၏ခေတ်
စောထူးပွယ်
|
|
နိုင်ငံများ၏ခေတ်ကုန်လွန်ပြီ။မြို့ပြများ၏ ခေတ်အစပြုပြီ။၂၁ရာစုကို အမေရိကန်၊ တရုတ်၊ အိန္ဒိယ၊ ဘရာဇီးတို့ စိုးမိုးနိုင်မှာ မဟုတ်တော့ပါဘူး။ ဒါဖြင့် ဘယ် သူတွေက စိုးမိုးမှာပါလိမ့်။ နိုင်ငံတွေ နေရာမှာ မြို့ပြတွေ အစားဝင်ရောက် လာပါပြီ။ ထိန်းမနိုင်သိမ်းမရတွေ ဖြစ်ပြီးရင်းဖြစ်နေတဲ့ ကမ္ဘာကြီးပေါ်မှာ အနာဂတ်ကမ္ဘာကြီးရဲ့အုပ်ချုပ်အစိုးရမှု ဆောက်တည်ယူနိုင်မယ့်နေရာဟာ နိုင်ငံ တွေထက် မြု့ပြတွေပဲဖြစ်ဖို့များလာပါပြီ။ ကမ္ဘာသစ်ကြီးဟာ ပြောနေဆိုနေကြသ လို ကမ္ဘာရွာကြီးတစ်ခုဖြစ်နေမှာမဟုတ် ဘဲမြို့ကြီးဆိုတဲ့ မတူကွဲပြားတဲ့ ရွာတွေ စုစည်းထားတဲ့ ကွန်ရက်ကြီးတစ်ခုသာ ဖြစ်ဖို့နေမှာပါ။ မြို့ဆိုမှမြို့
အချိန်၊ နည်းပညာနဲ့ လူဦးရေ တွေ တိုးတက်လာတာနဲ့အမျှ မြို့ပြ ဧရိယာသစ်တွေကလည်း အရှိန်ပြင်း ပြင်း တိုးပွားပေါ်ပေါက်လာပါ တယ်။ ကမ္ဘာကြီးမှာလည်းနေတဲ့ လူတွေရဲ့ထက်ဝက် လောက်က မြို့ကြီးတွေပေါ် လာရောက်နေထိုင် ကြပါပြီ။ ဒီအချိုးအစားကလည်း အမြဲတမ်းတိုး ပွားနေမှာပါ။ ကမ္ဘာ့မြို့ကြီး ၁ဝဝ ဟာ ကမ္ဘာ့ စီးပွားရေးကြီးတစ်ရပ်လုံးရဲ့ ၃ဝ ရာခိုင်နှုန်းနဲ့ ဖန်တီးဆန်းသစ်မှုအလုံးစုံကို သိမ်းပိုက်ထားပါ တယ်။ အဲဒီထဲက လန်ဒန်၊ ပဲရစ်၊ နယူးယောက် တို့လို မြို့ကြီးတွေအများစုဟာ ရာစုနှစ်ပေါင်း များစွာ တိုးတက်ပေါ်ပေါက် လာကြရတာပါ။ |
|
|
| အင်ဒိုနီးရှားအစိုးရနဲ့ ပြည်သူများရဲ့ ကိုယ် စား ဂျကာတာ၊ အင်ဒိုနီးရှားမှ နယူးယောက်မြို့တော်တစ်ခုတည်းမှာရှိတဲ့ စီးပွား ရေးလုပ်ငန်းဆောင်ရွက်မှုက ဆာဟာရတစ်ပိုင်း အာဖရိကနိုင်ငံတွေကထက် ၄၆ ဆကျော်နေပါ တယ်။ ဟောင်ကောင်တစ်မြိုတည်းကိုလာတဲ့ တစ်နှစ်အတွင်း နိုင်ငံခြားသားဧည့်သည်အရေ အတွက်က အိန္ဒိယတစ်နိုင်ငံလုံးကို လာတဲ့အရေ အတွက်ထက် ပိုပါတယ်။ ဒီမြို့ကြီးတွေဟာ ကမ္ဘာ ပြုမှုကို မောင်းနှင်နေတဲ့ အင်ဂျင်ပေါ့။ ဘယ် အင်ဂျင်က သာသလဲဆိုတာကတော့ ငွေကြေး၊ ပညာနဲ့ တည်ငြိမ်မှုတို့ပေါ်မှာ အခြေခံဆုံးဖြတ်ရ ပါတယ်။ အဲဒီမြို့ကြီးတွေဟာ နိုင်ငံတစ်နိုင်ငံ တည်းအတွက်မကတော့ပါဘူး။ကမ္ဘာ့အတွက်မြို့တော်ကြီးတွေ ဖြစ်လို့နေပါပြီ။
|
|
တစ်ချိန်တည်းမှာပဲ ပုံစံသစ်နဲ့မဟာမြို့တော်ကြီး(Megacities)တွေဟာ ကမ္ဘာတစ်ဝန်း မှာ အရင်ရှိခဲ့တဲ့ပုံစံတွေကိုဝါးမြို့ပြီး ပေါ်ပေါက် လာပါပြီ။ တိုးပွားလာတဲ့ လူဦးရေက လက်ရှိ မြို့ပြကြီးတွေနဲ့တင် မလုံလောက်နိုင်တော့တဲ့ အတွက် ဘယ်တုန်းကမှ စိတ်ကူးမထားဖူးခဲ့တဲ့ တရုတ်နိုင်ငံ ကွမ်တုန်လို စက်မှုမြို့ပြကြီးတွေ၊ အာရေဗျကန္တာရထဲက ပညာမြို့တော်ကြီးတွေ လို အသစ်အသစ်တွေ ပေါ်ပေါက်လာရပါပြီ။ ဒီလို ဖွင့်ဆိုမှုအသစ်နဲ့ မြို့တော်ကြီးတွေရဲ့ လူဦး ရေကို ကုဋေနဲ့တိုင်းတာရပါလိမ့်မယ်။ အဲဒီမြို့ ကြီးတွေမှာ ဇက်ကျိုးအောင်သာမော့ကြည့်ဦး အထပ်မြင့်တိုက်ကြီးတွေက မျက်စိတစ်ဆုံးမက မြင့်မားပြည့်နှက်နေမှာပါ။
အဲဒီမြို့ပြကြီးတွေဟာ သူတို့ရဲ့ မိခင်နိုင်ငံ တွေကို စိန်ခေါ်လာလိမ့်မယ်။ မြို့ပြဆိုတဲ့ ကျောက် ဆူးတစ်ချက်လောက် ခိုင်ခိုင်စိုက်မထားဘဲ ဘယ် နိုင်ငံမှအောင်မြင်နိုင်မှာ မဟုတ်ပေမယ့် မြို့တော် ဆိုတာတွေဟာ တော်ရုံမြိုဖြစ်ပြီးရောဆိုတာ မျိုးနဲ့ အလုပ်ဖြစ်တော့မှာ မဟုတ်ပါဘူး။ အဲဒီလို နဲ့ မြို့ကြီးတွေဟာ သူတည်ရှိရာနိုင်ငံအတွင်းက ကျေးလက်ဇနပုဒ်တွေကို ချန်ထားရစ်ခဲ့ပြီး ကြီး မားတဲ့ ဓနဥစ္စာကွာဟမှုကို ဘရာဇီး၊ တရုတ်၊ အိန္ဒိယနဲ့ တူရကီလိုနိုင်ငံတွေမှာလို ပေါ်ပေါက် လာစေတော့မှာ ဖြစ်ပါတယ်။
|
ခေတ်ကိုဆန်သော မြို့ပြများ
၁၉ ရာစုတုန်းက ပါဝါချိန်ခွင်လျှာညှိကမ္ဘာ ကြီး၊ ၂ဝ ရာစုရောက်တော့ ပါဝါအုပ်စုဖွဲ့ကမ္ဘာ ကြီးဆိုတဲ့ ချဉ်းကပ်မှုတွေနဲ့ ၂၁ ရာစုကို ချဉ်း ကပ်နိုင်တော့မှာလည်း မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ထောင်လောက်ကို ပြန်ကြည့်ပါဦး၊ ကိုင်ရို၊ ဟန်ကျိုးတို့လိုမြို့ကြီးတွေက ကမ္ဘာ့ဆွဲ အားဗဟိုချက်လို ဖြစ်နေခဲ့တယ်။ အရံအတား မရှိခဲ့တဲ့ အလယ်ခေတ်အတွင်းမှာ အဲဒီမြို့ကြီး တွေကနေ အာဏာစက်ကို ဖြန့်ကျက်ချဲ့ထွင်ခဲ့ ကြတယ်။ မာကိုပိုလိုဟာ ဗင်းနစ်မြို့ကနေ နာမည် ကျော်ပိုးလမ်းမကြီးအတိုင်း ထွက်လာခဲ့ရာမှာ သူဟာ အင်ပါယာကြီးတွေကို မချီးမွမ်းခဲ့ဘူး။ မြို့ပြတွေကိုသာ ချီးမွမ်းခဲ့တယ်။ မြို့ပြတွေကသာ ပိုကြီးမြတ်ခဲ့တာမဟုတ်လား။ ကက်ရှ်ဂါမြို့က စပျစ်ခင်းတွေ၊ ရှိအန်းမြို့တော်ရဲ့ ပေါကြွယ်ဝမှု၊ ပြီးတော့ ချန်ဒုမြို့ရဲ့ ကုန်သည်တွေချမ်းသာပုံကို သူပြောဆိုခဲ့တာများ ဘယ်သူမှတောင် မယုံချင် ကြတဲ့ထိပဲ။ အဲဒီလို ဥရောပတိုက်ကြီးက အလယ် ခေတ်အမှောင်ထုထဲမှာ နစ်မြုပ်နေချိန်မှာ အာရပ်၊ မွတ်ဆလင်တွေနဲ့ တရုတ်တွေရဲ့ ဂုဏ်သရေက တောက်ပခဲ့ပါတယ်။
။
|
အဲဒီအချိန်တုန်းကလိုပါပဲ၊ မြို့တော်တွေ ဟာ စီးပွားရေးလောကရဲ့ ဆွဲငင်သံလိုက်တွေ၊ နိုင်ငံရေးလောကရဲ့ သစ်ဆန်းတီထွင်မှုတွေ၊ ပြီး တော့ သံတမန်ဆက်ဆံရေးရဲ့ မောင်းနှင်အား တွေဖြစ်လာပါပြီ။ မြို့ပြသစ်တွေဟာ နိုင်ငံမြို့တော်ကြီးတွေနဲ့ သဘာဝချင်း မတူကြတော့ပါ ဘူး။ နိုင်ငံခြားရေးမူဝါဒဟာ နိုင်ငံချင်းခြားသွား မှတောင် မဟုတ်တော့ပါဘူး။ အမေရိကန်မှာ နယူးယောက်နဲ့ ဝါရှင်တန်တို့ဟာ ငွေကြေးဆိုင် ရာစည်းမျဉ်းကြပ်မတ်မှုအတွက်၊ အာရပ်စော် ဘွားများပြည်ထောင်စုတစ်ခုတည်းမှာ ဒူဘိုင်း နဲ့ အဘူဒါဘီတို့ဟာ ခေါင်းဆောင်နိုင်မှုအတွက် အပြိုင်အဆိုင်ဖြစ်နေကြပါပြီ။ ကမ္ဘာသစ်ရဲ့ မြို့ပြ ကြီးတွေဟာ အရင်ကလို တစ်နိုင်ငံတည်းရဲ့မူ ဝါဒတစ်ခုတည်းကို ဆုပ်ကိုင်ထားတာမျိုးမဟုတ် တော့ဘဲ၊ တစ်မြို့ချင်းနဲ့ဆိုင်ရာဆိုင်ရာ အခွင့်အ ရေးကိုဖမ်းယူပုံ၊ ထိရောက်အားသာမှုရအောင် လိုအပ်ချက်တွေအလိုက် စီစဉ်ဆောင်ရွက်ပုံ၊ဆက် သွယ်ရေးနဲ့ လုံခြုံရေးစတာတွေကို ဦးစားပေး နေကြပါပြီ။
|
|
 |
|
|
အနောက်နိုင်ငံမြို့ပြများကတော့ စက်မှု ခေတ် ပြောင်းတော်လှန်ရေးကာလကစလို့သူတို့ မှာရှိနေတဲ့ ပညာတတ်လုပ်သားအင်အား၊ ခိုင်မာ တဲ့ဥပဒေစနစ်၊ စွန့်ဝံ့စွန့်စားလုပ်တဲ့ ဖန်တီးလမ်း ထွင်မှုတွေကို တန်ခိုးပြပြီး မြို့ပြဖြစ်ထွန်းမှုမှာ ထိပ်တန်းနေရာတွေကို ရရှိခဲ့တယ်။ နယူး ယောက်နဲ့ လန်ဒန်နှစ်မြို့ပေါင်းရင်ပဲ တစ် ကမ္ဘာလုံးမှာရှိတဲ့ အရင်းဈေးကွက်ရဲ့ ၄ဝ ရာခိုင်နှုန်းကို ကိုယ်စားပြုနိုင်နေပါ တယ်။ ဒါပေမယ့် ဒီကနေ့ ကမ္ဘာကြီး ရဲ့ စီးပွားရေးမြေပုံကို ပြန်ဖတ်ကြည့် ပါဦး။ အရွှေ့အပြောင်းကြီးတစ်ခု က ထင်ရှားလာနေပြီ။ အာရှ ပစိဖိတ်ဒေသမှာရှိတဲ့ဟောင် ကောင်၊ ဆိုးလ်၊ ရှန်ဟိုင်း၊ ဆစ်ဒနီနဲ့ တိုကျိုမြို့ကြီး တွေရဲ့ စီးပွားရေးဟာ အာရှထွန်းကားမှုနဲ့ အတူ အုံနဲ့အင်နဲ့ ဖြစ်လာခဲ့ပြီ။တစ် ကမ္ဘာလုံး က စီးဝင်လာတဲ့ ငွေကြေး တွေက လည်း အာရှဒေသရဲ့ အဲဒီမြို့ကြီးတွေရှိရာမှာ အိုင်ထွန်း နေခဲ့ပါပြီ။ အာရှစီးပွားရေး ရန်ပုံငွေဟာ ဒေသတွင်းငွေကြေးတွေ တည်ငြိမ်စေပြီး၊ အာရှဒေသတွင်း ကုန်သွယ်မှုက ပစိ ဖိတ်ဒေသကုန်သွယ်မှုထက် မြင့်တက် လာခဲ့ပါပြီ။
ဒီလိုအရွှေ့အပြောင်းကြောင့် ဒေသတွင်းဆွဲငင်မှုဗဟိုချက်တွေ ဟာ ဆိပ်ကမ်းမြို့တော်တွေ မှာ ပေါ်ပေါက်လာပါတယ်။ ဒူဘိုင်းဆိုရင်လည်း ၂၁ ရာစုရဲ့ ဗင်းနစ်မြို့လို့ ဆို ရမလိုပါပဲ။ အဲဒီမှာ ဆိုရင် ကုန်စည်တွေ ကို အလိုရှိရာဆီ အစိုးရ အခွန် အတုပ်မရှိဘဲ နဲ့ တောင် တင်ပို့နိုင် လာပါ တယ်။
|
 |
ပြီးတော့ စီးပွားရေးအကျကာလကြီးကိုကြုံတွေ့ရပြီးနောက် မှာ ပါရှန်ပင်လယ်ကွေ့မှာရှိတဲ့ မြို့ပြသစ်တွေဟာ ရင်းနှီးမြှုပ်နှံဖို့ကောင်းတဲ့နေရာ တွေလို ဖြစ်လာခဲ့ပါတယ်။ အဲဒီလိုနိုင်ငံတွေမှာ နောက်ဆုံးပေါ် နည်းပညာတွေသွင်းလာဖို့၊ အာ ဖရိကတိုက်မှာရှိတဲ့ မြေယာတွေမှာ စိုက်ပျိုးခွင့် တွေ ဝယ်ယူကြဖို့ စတာတွေကို လုပ်နိုင်ဖို့ မြို့ကြီးတွေဟာ ကြံစည်လာကြပါပြီ။
မဟာမိတ်မြို့ပြများ
ဒီလိုအပြိုင်းအရိုင်းပေါ်ပေါက်လာတဲ့ မြို့တော်ကြီးတွေချင်းကြားမှာ ကုန်သွယ်ရေးနဲ့ စစ်ရေး အတွက် မဟာမိတ်ဖွဲ့မှုဟာ အလယ်ခေတ်ကုန် ခါနီးမှာ ဘော်တစ်ပင်လယ်တစ်လျှောက် နိုင်ငံ တွေ အုပ်ဖွဲ့ထားသလိုမျိုး ခုချိန်မှာဆိုရင် ဟမ်း ဘတ်နဲ့ ဒူဘိုင်းမြို့တို့ကြား ရေကြောင်းသွားလာမှုနဲ့ အသက်ဇီဝသိပ္ပံဆိုင်ရာ စူးစမ်းလေ့လာမှုတွေ ပူးပေါင်းဆောင်ရွက်နေကြတယ်။ |
|
|
| အဘူဒါဘီနဲ့ စင်ကာပူကြားမှာ ကုန်စည်ကူးသန်းမှုဝင်ရိုး သစ်တစ်ခုပေါ်လာဖို့ဖန်တီးနေကြတယ်။ ဒီလို နိုင်ငံမတူတဲ့ မြို့ကြီးတွေချင်းချင်းကြားမှာ ပူး ပေါင်းဆောင်ရွက်မှုတွေလုပ်နိုင်ဖို့အတွက် ဘယ်သူ ကမှ အမေရိကန်အစိုးရကိုသွားပြီး အခွင့် တောင်းခံနေမှာ မဟုတ်တော့ပါဘူး။ ဒီလိုနဲ့ တွဲ ဘက်အသစ်ဖြစ်သွားတဲ့ ကမ္ဘာ့မြို့ကြီးတွေကြား မှာဈေးကွက်တွေထပ်ပြီးပေါ်လာပါတယ်။ ကာတာလေကြောင်းက ဒိုဟာမှ ဆာပေါ်လိုဆီ တိုက်ရိုက်လေယာဉ် ပြေးဆွဲခဲ့တာ၊ တောင်အာ ဖရိကလေကြောင်းက ဗျူးနို့အေရီစ့်ကနေ ဂျိုဟန် နစ္စဘတ်ဆီ လေယာဉ်ပြေးဆွဲတာတွေဟာ သက် သေတွေပါပဲ။ နယူးယောက်နဲ့ ဒူဘိုင်းပြေးဆွဲတဲ့ လေယာဉ်လိုင်းတွေ စီးပွားရေးအကျပ်အတည်း နောက်ပိုင်း ခရီးသည်ပါးသွားတဲ့အချိန်ရောက်တော့ အင်းမရိတ်လေကြောင်းလိုင်းဟာ အဲယားဘတ် ၃၈ဝ လေယာဉ်ကြီးတွေနဲ့ ဘဏ်စနစ်တည်ငြိမ်မှု ရှိနေသေးတဲ့ တိုရန်တိုမြို့ကို ပြေးဆွဲတာပါပဲ။
ဒီလိုကမ္ဘာမြို့တော်ကြီးတွေမှာ စီးပွားရေး ခွင်တွေပေါ်လာတာကြောင့် ဖွံ့ဖြိုးဆဲကမ္ဘာအ တွက်ကတော့ ခေတ်မီတိုးတက်ရေးဆိုတာ အ နောက်တိုင်းဆန်ရေးပဲဆိုတဲ့ သဘောတွေ မရှိတော့ပါဘူး။ အာရှမှာရှိတဲ့ ပါဝါသစ် တွေကလည်း အနောက်ကမ္ဘာကို ကစား စရာအရုပ်က စလို့ ရေနံနဲ့ ကမ္ဘာ့အဆင့်မီ ပရိဘောဂတွေ အလယ်၊ အင်ဂျင်နီယာ ဝန်ဆောင်မှုတွေအဆုံး ပြန်လည်ရောင်း ချနေပါပြီ။ လွတ်လပ်စွာ ပြောဆိုခြင်းနဲ့ လွတ်လပ်စွာကိုးကွယ်ခြင်း ဆိုတဲ့ အ နောက်တိုင်း တန်ဖိုးထားမှုတွေကို ဖလှယ်ယူမှ ရမယ့်ခေတ် မဟုတ်တော့ပါဘူး။
|
 |
|
ဒီတော့ ပါရှန်ပင်လယ်ကွေ့မှာရှိတဲ့ ဘုရင် စနစ်ကျင့်သုံးဆဲနိုင်ငံတွေမှာတောင်မှ သဲကန္တာထဲ မြို့ပြကြီးတွေ ထူထောင်မယ်ဆိုတဲ့ စိတ်ကူးတွေ ကို အထူးအကောင်အထည်ဖော်လာကြပါပြီ။ အဘူဒါဘီမှာဆိုရင် နေရောင်ခြည်စွမ်းအင်ကို အသုံးပြုပြီး၊ လုံးဝကားမရှိတဲ့မြို့ပြတစ်ခုအဖြစ် မက်စဒါစီးတီးကို ဖန်တီးတည်ဆောက်ခဲ့ပါတယ်။ ဒီမြို့ဟာ ကမ္ဘာပေါ်မှာ ကာဗွန်အညစ်အကြေး ထုတ်လွှတ်မှုမရှိတဲ့ ပထမဆုံးမြို့တော် ဖြစ်လာ ပါတယ်။ မွတ်ဆလင်စော်ဘွားတွေဟာ သူတို့ ရဲ့မြို့ပြတွေဖန်တီးဖို့အတွက်သာမကဘဲ၊ နောင် တစ်ချိန်မှာ အနောက်တိုင်းကလူတွေ လာပြီး အခြေချချင်ရင် အဆင်ပြေနိုင်အောင်လို့ သွား လာဆက်သွယ်ရေး၊ မြေနေရာနဲ့ မိလစနစ်၊ လူ့အသိုင်းအဝိုင်းကောင်းတွေပါ ဖန်တီးလို့ရမယ့် အလားအလာတွေအတွက် ဆယ်စုနှစ်နှစ်ခုစာ ကြာမြင့်မယ့် ရင်းနှီးမြှုပ်နှံမှုတွေကို ပြုလုပ်နေ ကြပါတယ်။ အရင်တုန်းက ယဉ်ကျေးမှုနဲ့ပတ် သက်ရင် တင်းကျပ်လွန်းတဲ့ ဒီလိုရေမြေမျိုးမှာ နိုင်ငံပေါင်း ၁၅ဝ ကျော်က လူတွေလာပြီးအခြေ ချနေထိုင်ကြဖို့၊ ယဉ်ကျေးမှုဟင်းလေးအိုးကြီးကို ကျိုချက်ဖို့ဖြစ်လာတာကတော့ အံ့သြကုန်နိုင် ဖွယ်တစ်ရပ် ဖြစ်ခဲ့ပါပြီ။ ဒိုဟာက ကာတာရီမြို့တော်မှာ အနောက်နိုင်ငံက ဘယ်သူမဆို ကိုယ့် မူရင်းနိုင်ငံသားဖြစ်မှုကို စွန့်လွှတ်ပြီးပြီဆိုရင် ကြယ်ငါးပွင့်အဆင့်ရှိတဲ့ မြို့ပြနဲ့ အခွန်ကင်းလွတ် တဲ့ဝန်းကျင်တစ်ခုနဲ့အဖြစ် လာရောက်နေထိုင် နိုင်ကြဦးမယ်ဆိုပါတယ်။
။ |
|
|
မြို့ပြမှီ လူသားဦးရေ
ဒီလိုနဲ့ မြို့ပြတွေ ဖြစ်ထွန်းလာလိုက်တာ လူနေထူထပ်လွန်လွန်းလို့ ကိုယ်ပိုင်ကမ္ဘာတစ်ခု ကို အသီးသီး ဖန်တီးထားကြသလိုပါပဲ။ လာဂိုစ့်၊ မနီလာနဲ့ မက္ကဆီကိုစီးတီးတို့လို မြို့ပြကြီးတွေ ကိုပဲ စိတ်ထဲမြင်ကြည့်လိုက်ပေါ့။ ၁၉၈ဝ ပြည့်နှစ် မှာ တိုကျိုမို့မှာနေထိုင်သူဦးရေဟာ သန်းနှစ် ဆယ်ထိ ရောက်သွားပါတယ်။ မြို့တစ်မြို့တည်း မှာ ဒီလောက်များများ စံချိန်တင်နေထိုင်တာ အဲဒီတော့မှ စတယ်လို့ဆိုရမှာပါ။ ဒါကြောင့် လူဦးရေ သန်းနှစ်ဆယ်နဲ့ မက်ထရိုပိုလီတန်ဆိုတဲ့ ခေတ်မြို့ကြီးတွေ စတင်ပေါ်ပေါက်လာခဲ့ပါတယ် လို့ မတွေးတောင် မတွေးရဲခဲ့ကြပါဘူး။ ဒါပေမဲ့ ခုတော့ လည်းအဆန်းမဟုတ်တော့ပြန်ဘူး။ မွမ်ဘိုင်းတို့ရှန်ဟိုင်းတို့လို မြို့ကြီးတွေမှာ မှီခို ပြီးနေထိုင် သူဦးရေက ခုဆိုရင် သန်းတစ်ရာ မကတော့ပါဘူး။
|
|
|
အိန္ဒိယနိုင်ငံမှာဆိုရင် အမေရိ ကန်ပြည်ထောင်စုတစ်ခုစာလောက်ရှိတဲ့ လူဦး ရေ ၂၇၅ သန်းတို့ဟာ နောက်ထပ် နှစ်ပေါင်း နှစ်ဆယ်အတွင်းမှာ မြို့ပြတွေဆီကို ရောက်ရှိ လာကြတော့မှာပေါ့။ လူဦးရေ ၂၄ သန်းကျော် နေထိုင်ကြတဲ့ ဂျကာတာမြို့ကိုရောက်တော့ ဘတ်စ်ကားတွေက မြို့ထဲမှာ ကြပ်ခဲနေတာပဲ။ အဲဒီမှာ နေနေကြတဲ့လူတွေကလည်း ဒီမြို့ကြီးဆီ ကနေ ဘယ်ကိုမှ သွားစရာမရှိတော့သလိုပဲ။ သူတို့ ခေါင်းပေါ်က ဖြတ်ပျံနေတဲ့လေယာဉ်ပျံတွေ ဘယ်ဆီကလာလို့ဘယ်ဆီဘာသွားမယ်ဆိုတာ လည်း သူတို့သိလှတာမဟုတ်ပါဘူး။ ဒီလိုပဲ ကိုင်ရိုမြို့ကြီးဟာလည်း နောက်ဆယ်စုနှစ်တွေ နည်းနည်းကြာရင်ပဲ လက်ရှိမြို့ကွက်ကနေ ဆယ့် လေးမိုင်လောက်ဝေးတဲ့ ပိရမစ်ကြီးတွေ၊ ခြင်္သေ့ ကိုယ် လူခေါင်းနဲ့မနုဿီဟရုပ်ကြီးနားအထိ မြို့ကွက်သစ်က ကျယ်ပြန့်လာလိမ့်မယ်။ အရင်တုန်း ကတော့ အဲဒီက ပိရမစ်ကြီးတွေ၊ မနုဿီဟ ရုပ်ကြီးတွေက အထူးတစ်လည်။ ခုတော့လည်း ရိုးတောင်နေပါပြီ။
|
|
|
| မဟာမြို့ပြကြီးတွေဆီကို နှစ်စဉ်သန်းနဲ့ချီ ပြီး ဝင်ရောက်လာနေတဲ့ လူတွေဟာ မြို့ပြ ကသောင်းကနင်းတွေထဲမှာ နစ်မွန်းချင်နေတဲ့ လူတွေပဲလို့တော့ ဆိုလို့ရမှာမဟုတ်ဘူး။ ဒီလိုမြို့ ပြတွေဟာ အလယ်ခေတ်ထဲက မြို့ပြတွေလိုပဲ ရုပ်ပိုင်းဆိုင်ရာ အလွှာခွဲမှုတွေ ရှိ နေစေပါတယ်။ ဝတ္ထုပုံပြင်တွေထဲမှာ မြို့ရိုးနံရံ ကြီးတွေ၊ ရဲတိုက်ကြီးတွေနဲ့သူရဲကောင်း လူ စွန့်စားတွေရှိခဲ့သလိုပဲ ခေတ်သစ်မြို့ပြမှာလည်း ပဲ လျှပ်စစ်ကိုအသုံးပြုပြီး လူတွေကို စစ်ဆေးမယ့် လုံခြုံရေးစနစ်တွေနဲ့ ဝန်ထမ်းတွေကိုအသုံးပြုပြီး ခွဲခြားမှုတွေလုပ်နေပါပြီ။ အိန္ဒိယနိုင်ငံ နယူး ဒေလီမြို့နဲ့ ခပ်လှမ်းလှမ်းမှာရှိတဲ့ ဂူအာဂွန်မြို့မှာ ဆိုရင် အရင်က လယ်ယာလုပ်ငန်းကိုသာ လုပ် ကိုင်ခဲ့ကြပေမယ့် ခုချိန်မှာတော့ လူဦးရေ ငါး သိန်းဝန်းကျင်နဲ့ ခေတ်မီဂြိုဟ်တု နည်းပညာနဲ့ ပတ်သက်ပြီး အောင်မြင်နာမည်ရတဲ့ မြို့ပြတစ်မြို့ဖြစ်နေပါပြီ။ တကယ်တော့ စီးပွားရေး မညီမျှ တာဟာ မြို့ပြမှာ အင်နဲ့အားနဲ့ကို ပေါ်ပေါက် နေတာပါ။ အစ္စတန်ဘူလ်၊ ဆာပေါ်လိုနဲ့ မွမ်ဘိုင်း တို့လို မြို့ပြတွေမှာ ပိုက်ဆံချမ်းသာတောင့်တင်း သူတွေက နတ်ဒေဝတာတွေလို ကောင်းကောင်း နေကြရပါတယ်။ ကမ္ဘာ့စတုတ္ထမြောက် အချမ်း သာဆုံး အိန္ဒိယသူဌေး မူကေးရှ်အမ်ဘာနီက သူ့အိမ်ကို ဥယျာဉ်ပန်းခြံနဲ့၊ ကျန်းမာရေးဌာနနဲ့၊ ရဟတ် ယာဉ်ဆင်းကွင်းနဲ့ ၂၇ထပ်အဆောက် အအုံအဖြစ် ဆောက်လုပ်ထားတယ်။ အဲဒီ သူ့အိမ်ကြီးက မွမ်ဘိုင်းမှာရှိပါတယ်။ ဒီလိုပဲ ဆာပေါ်လိုရောက်ရင် ခေါင်မိုးတစ်ခုထက် ကိုတက်ပြီး မြို့ပေါ်မှာ ဝဲပျံနေတဲ့ ရဟတ် ယာဉ်တွေကို ရေကြည့်စမ်းပါ။ ပုဇဉ်းတွေ လိုပေါလှပါတယ်။ ဒါဟာ ဒီမြို့ဘယ် လောက်ချမ်းသာတယ်၊ တတ်နိုင်တယ် ဆိုတာကို ပြသတဲ့ နိမိတ်သင်္ကေတ ပဲပေါ့။
|
ကင်ဆာမြို့ပြ
ကမ္ဘာကြီးကို ညအချိန်မှာ အာကာသထဲ ကနေ ရိုက်ထားတဲ့ဓာတ်ပုံကို ကြည့်မိရင် မြို့ပြကြီးတွေဟာ တစ်ကမ္ဘာလုံးမှာ ဟိုဟိုဒီဒီပြန့်ကျဲတည်ရှိနေတာကို တွေ့ရလိမ့်မယ်။ အဲဒီထဲက မှ ကောင်းတဲ့မြို့ပြရှိသလို၊ ဆိုးတဲ့မြို့ပြတွေလည်း ရှိသေးတာပဲ။ မြို့ပြတွေဟာ ကမ္ဘာဆိုတဲ့ဂြိုဟ် ပြာကြီးပေါ်မှာ ကင်ဆာရောဂါလို ပံျ့နှံ့နေခဲ့ပါ ပြီ။ ကာရာကက်စ်မြိုကာ ဂိုဏ်းဖွဲ့လူသတ်မှုတွေ ရှိနေသလို ကရာချိမြို့ထဲမှာလည်းပဲ အယ်ခိုင်ဒါ တွေ ပုန်းအောင်းနေနိုင်တာပါပဲ။ ဒါကြောင့် လည်း ကမ္ဘာ့ဖလားဘောလုံးပွဲကာလတုန်းက တောင်အာဖရိကမြို့ကြီးတွေဆီ သွားကြတဲ့အခါ လုံခြုံရေးတွေ တင်းကြမ်းဖြစ်နေတာကို တွေ့ရ တာပါ။ နိုင်ငံတွေရဲ့ခေတ်မှာတော့ ဘယ်နိုင်ငံ က ယိုယွင်းနေတယ်၊ ကျရှုံးနေတယ်စသဖြင့် သတ်မှတ်နိုင်ပါတယ်။ ခုမြို့ပြများခေတ်ထဲမှာ လည်း ဒီလိုအိပ်မက်ဆိုးတွေနဲ့ သတ်မှတ်မှုတွေကို ရှောင်လွဲဖို့အတော်ကြိုးစားကြရဦးမှာပါ။
ဒါပေမဲ့ ကမ္ဘာပေါ်မှာ ဒီလိုစီးပွားရေး သိုက်မြို့ကြီးတွေ၊ မဟာမြို့ပြကြီးတွေပေါ်ထွန်း လာတဲ့အတွက် ကျွန်တော်တို့ဟာ နိုင်ငံတော် အချုပ်အခြာ၊ ဒါမှမဟုတ် စီးပွားရေးတန်ခိုးထွား မှု ဒီနှစ်ခုထဲမှာ ဘယ်အရာက ခေတ်သစ်ကမ္ဘာ့ သံတမန်ရေးအတွက် တင်ကြိုအပ်ချက်ဖြစ် မလဲဆိုတာကို အသည်းအသန်ပြန်တွေးကြရ တော့မယ်။ နှစ်ခုစလုံးအရေးကြီးတယ်ဆိုတာ လည်းမှန်ပါတယ်။ ဒါပေမယ့် ဒီနေ့ခေတ်ကြီးထဲ မှာ အချုပ်အခြာဆိုတဲ့အရာက တိုက်စားခြင်းခံ ရပါများလို့နဲ့သထက်နဲ့လာပြီး၊ ခုချိန်မှာ မြို့ပြကြီး တွေကသာ ကမ္ဘာပေါ်မှာ လွှမ်းမိုးမှုရအောင်လုပ် နိုင်တဲ့အခြေအနေဖြစ်နေတယ်။
|
| ကိုလံဘီယာတက္ကသိုလ်က ပညာရှင် ဆက်ကီယာဆက်ဆန်က ဒီလို အဂ္ဂမဟာဗျူဟာ မျိုးပေါ်လာဖို့ကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျွန်တော် တို့တွေးခေါ်မှုတွေကို အထောက်အကူပြုထား တယ်။ သူမရေးသားတဲ့ ကမ္ဘာ့မြို့ပြကြီးများဆိုတဲ့ စာအုပ်မှာ မြို့ပြကြီးတွေဟာ ကမ္ဘာကြီးကိုထိန်း ချုပ်နိုင်တဲ့ လက်တွေ့ဆောင်ရွက်မှုတွေအဖြစ် အသင့်တော်၊ အဆီလျော်ဆုံးပဲလို့ ဆိုတယ်။ သူမရေးသားတဲ့ထဲမှာ ဒီနေ့ခေတ်ကုန်သွယ်မှု ကွန်ရက်ကောင်းကောင်းတွေ ပေါ်ပေါက်လာ တာဟာ၊ မြို့ပြတွေပေါ်မှာ ဘယ်လိုအခြေခံနေ ကြောင်းနဲ့ မြို့ပြကြီးတွေကိုအန်တုဖို့ အင်ပါယာ တွေ၊ အမျိုးသားနိုင်ငံတွေတောင် တတ်နိုင်တော့ မှာမဟုတ်ဘူးလို့ဆိုထားတယ်။ ဒီနေ့ကမ္ဘာ့မြို့တော်ကြီးတွေကို ချိတ်ဆက်ထားတဲ့ ကုန်စည် ထောက်ပံ့မှုကွင်းဆက်နဲ့ငွေစီးဆင်းမှုတွေဟာ နိုင်ငံတကာဆက်ဆံရေးမှာ အမျိုးသားနိုင်ငံတွေ ကို နန်းချလိုက်တယ်။ ဘာကြောင့်လဲဆိုတော့ နိုင်ငံတွေဟာ နိုင်ငံတကာဆက်ဆံရေးမှာ ခရီး မတွင်စေဘဲ နှောင့်နှေးစေတယ်လို့တောင် သူမ က တွေးပြခဲ့ပါတယ်။ မြို့ပြတွေမှာဆိုရင် အစိုးရ ကဏ္ဍနဲ့ ပုဂ္ဂလိကပိုင်ကဏ္ဍကို ခွဲခြမ်းလိုက်လို့မရ ဘူး။ အဲဒီတစ်ခုက ပူးတွဲပြီး အလုပ်လုပ်နေတယ်။အဲလိုမှ ပူးတွဲအလုပ်မလုပ်ဘူးဆိုရင် ဘာမှလုပ် လို့မဖြစ်တော့တဲ့ အနေအထားပေါ့။ နိုင်ငံတွေ က တယ်လီဆက်သွယ်ရေးနဲ့ အခြေခံအဆောက် အဦအတွက် ငွေတွေအများကြီးမြှုပ်နှံသုံးစွဲတယ် ဆိုပေမယ့်လည်း၊ မြို့ပြနဲ့ တခြားနေရာတွေရဲ့ ချိန်ခွင်ညှာဟာ ညီမျှသွားမှာတော့ မဟုတ်ပါ ဘူး။ ဘာကြောင့်လဲဆိုတော့ နိုင်ငံတစ်ခုဟာ နိုင်ငံတကာဆက်ဆံရေးမှာ သူ့အချုပ်အခြာအာ ဏာတည်မြဲမှုကို ပြသချင်ရင် သူ့ရဲ့မြို့တော်ကြီး တွေကို ချန်ထားလို့မရဘဲ အားဖြည့်နေရတဲ့ အတွက်ကြောင့်ပါပဲ။
|
|
တရုတ်နိုင်ငံရဲ့ မြို့တော်ဟာ ပေကျင်းဆိုပေ မယ့် နောက်ထပ်တရုတ်မြို့ပြတွေက နိုင်ငံတကာ နဲ့ဆက်ဆံရာ ညီလာခံတွေ၊ အခမ်းအနားတွေဆီ သွားပြီး နိုင်ငံခြားရင်းနှီးမြှပ်နှံမှုတွေကို ဖိတ် ခေါ်ကြတာကြောင့်၊ ပေကျင်းကို ကျော်တက်သွား ကြပါတယ်။ ၂ဝ၂၅ ခုနှစ်ရောက်ရင် တရုတ်နိုင်ငံ မှာ လူဦးရေ၂၅ သန်းကျော်တဲ့မြို့ပြပေါင်း ၁၅ ခုရှိလာတော့မှာပါ။ ဒါဆိုရင် ဥရောပမှာရှိ နေတဲ့မြို့ပြတွေထက်တောင် ပိုများသွားပါပြီ။ဟောင်ကောင်ဟာ တစ်ချိန်တုန်းကဗြိတိန်ပိုင် ဖြစ်ခဲ့တဲ့အတွက်၊ ခုချိန်မှာ ပြည်မကြီးနဲ့ပဲ မဆိုင် သလိုလို သီးခြားရပ်တည်နိုင်လာပါပြီ။ ဟုတ်ပြီ။ ဒါဖြင့် ပေါ်လာမယ့်မြို့ပြတွေအားလုံး ဟောင် ကောင်လမ်းအတိုင်းလိုက်သွားရင် ဘယ်လိုလုပ် မလဲ။ ဒါမှမဟုတ် အဲဒီမြို့တွေထဲမှာမပါတဲ့ နေရာ တွေက မြိ့ပြကြီးတွေမှာ ရတဲ့ခံစားခွင့်တွေ အတိုင်းလိုချင်တယ်ဆိုရင် ဘယ်လိုလုပ်မလဲ။ အဲဒီလိုအချိန်မျိုးမှာရော ပေကျင်းကနေပြီး တရုတ် နိုင်ငံကို ဆက်ပြီးအုပ်ချုပ်နိုင်ဦးမှာလား။ ဒါမှ မဟုတ်ရင် တရုတ်နိုင်ငံကျယ်ကျယ်ကြီးထဲမှာ သူတစ်ပြန်ကိုယ်တစ်လှည့် စစ်တိုက်ခဲ့ကြသလို မြို့ပြတိုက်ပွဲတွေ ဖြစ်လာမှာလား စသဖြင့်ပေါ့။
ပြန်တွေးကြည့်မယ်ဆိုရင် အင်ပါယာကြီး တွေကို ပြန်ပြီးဖြိုခွဲနိုင်တာက မြို့ပြကြီးတွေပဲ ဖြစ်နေတာပါ။ ဒီနေ့ခေတ်မှာ တကယ့်ချက် ကောင်းကို ကိုင်ချင်ရင် မြို့ပြတွေကို ကိုင်ထားဖို့ပါပဲ။ ပြီးတော့ ကိုလိုနီခေတ်လွန် အာဖရိကမှာ ရှိတဲ့ နိုင်ငံတွေလည်း အလားတူပါပဲ။ အာဖရိက တိုက်မှာ မြို့ပြဖြစ်ထွန်းမှုဟာ တရုတ်နဲ့မကွာခြား လှပါဘူး။ အာဖရိကမှာ လူဦးရေတစ်သန်းအထက် ရှိတဲ့မြို့ပေါင်းဟာ ဥရောပက မြိုပြတွေထက် များပါတယ်။ ဒါပေမယ့် နီးစပ်ရင် နီးစပ်သလို လုပ်တတ်ပြီး ပြည်တွင်းစစ်တွေနဲ့ ဆယ်စုနှစ်တွေ ကြာအောင် ချိနဲ့နေတဲ့အတွက် အာဖရိကတိုက် မှာ နိုင်ငံတစ်နိုင်ငံတည်း ဖြစ်မလာခဲ့ရပါဘူး။ တကယ်တော့ ပထဝီဝင်အရဆိုရင် အာဖရိကမှာ ကွန်ဂိုနဲ့ဆူဒန်ဆိုတဲ့ နိုင်ငံကြီးနှစ်ခုသာ ရှိရမှာ ပါ။ ဒီလိုနဲ့ မြို့တွေရဲ့ဆွဲငင်ရာကိုလိုက်ပြီး နိုင်ငံ ငယ်လေးတွေ အာဖရိကမှာ ပေါ်ပေါက်ခဲ့ပါ တယ်။ တကယ်တော့ အာဖရိကမှာ မြေပုံပြန် ဆွဲရေးထက် မြေပုံကိုဖျောက်ကွယ်ပစ်နိုင်ဖို့က ပိုအရေးကြီးနေပါတယ်။ နိုင်ငံဆိုတဲ့ အမှတ်သညာ သာ မရှိဘူးဆိုရင် အာဖရိကတိုက်ရဲ့မမြို့ပြတွေ ကိုအခြေခံပြီးဖွံ့ဖြိုးးမှုတစ်ခု လျင်လျင်မြန်မြန် ဖြစ်လာမှာပါပဲ။
|
မြို့ပြအိပ်မက်များ
တကယ်လို့သာ ကမ္ဘာ့အစီအစဉ်သစ်ကို နိုင်ငံတွေ၊ နိုင်ငံစစ်တပ်တွေပေါ်မှာ အခြေခံမဆွဲ ဘဲ၊ မြို့ပြတွေပေါ်မှာ အခြေခံပြီးရေးဆွဲမယ်ဆို ရင် ကုလသမဂ္ဂအဖွဲ့ကြီးတောင် လုံလောက် မှုရှိမှာ မဟုတ်တော့ပါဘူး။ အဲဒီလိုအချိန်ကျရင် ဒါးဗိုစ့်မှာလုပ်တဲ့ ကမ္ဘာ့စီးပွားရေးညီလာခံလို ဝန်ကြီးချုပ်တွေ၊ မြို့တော်ဝန်တွေ၊ စီအီးအိုတွေ၊ ပညာရှင်တွေနဲ့ ကျော်စောတိက္ကမရှိသူတွေ တက် ရောကို့ဖြစ်နိုင်တဲ့ စုစည်းမှုမျိုးကို လိုအပ်လာ ပါလိမ့်မယ်။
ပြီးတော့ ခေတ်သစ်အတွက် မြို့ပြတွေ တည်ဆောက်ရာမှာ စီးပွားတွက်ချည်းနဲ့လည်း အဆင်ပြေနိုင်မှာ မဟုတ်ပါဘူး။ ရာစုနှစ်တွေ ဖြတ်သန်းပြီး နေထိုင်ကြမယ့်လူတွေအတွက် စီးပွားရေးလုပ်ကွက်သာရုံမကဘဲ နေကောင်း ထိုင်သာရှိတဲ့ မြို့ပြတွေ၊ သဘာဝပတ်ဝန်းကျင် နဲ့ ဆီလျော်တဲ့မြို့ပြတွေ၊ လူတွေရဲ့ သမိုင်းခံစား မှုတွေကို လျစ်လျူမရှုတဲ့မြို့ပြတွေကိုပါ တည် ဆောက်နိုင်ဦးမှပေါ့။ ဒီအတွက်တော့ ဒီဇိုင်းဆရာ တွေ၊ ပညာရှင်တွေက အကြံထုတ်ကြပါလိမ့် မယ်။ အကြံထုတ်ပြီး လုပ်ဆောင်နေသူတွေ လည်း ရှိနေပါပြီ။
ဒီလိုစီမံကိန်းဝင်မြို့ပတွေထဲမှာ တောင် ကိုရီးယားနိုင်ငံက လူဆင်းရဲတွေအတွက်မြို့ပြ အဖြစ် ဒီဇိုင်းလုပ်ထားတဲ့ ဒေါ်လာ ဘီလီယံ ၄ဝ ကုန်ကျမယ့် ဆုန်းဒိုမြို့စီမံကိန်းလည်း ပါဝင် ပါတယ်။ အဲဒီစီမံကိန်းက ၂ဝ၁၅ ခုနှစ်ကျမှ အပြီးသတ်နိုင်မှာပါ။ အဲဒီမြို့မှာ စီးပွားရေး အကွက်အကွင်းတွေသာမက ဆက်သွယ်မှု၊ ကျန်း မာရေးနဲ့ ပညာရေးတွေကိုပါ ကောင်းကောင်း အထောက်အကူပြုနိုင်မယ့် မြို့ပြအင်္ဂါရပ်တွေကို ထည့်သွင်းရေးဆွဲခဲ့ကြပါတယ်။ ဒါကတော့ အာရှ အတွက် မျက်နှာပွင့်စရာကိစ္စတစ်ခုဖြစ်သလိုဖွံ့ဖြိုးဆဲကမ္ဘာကလူတွေဆီကနေ အနောက်ကမ္ဘာ ကပါ အတုခိုးရမယ့်ကိစ္စတစ်ခု ဖြစ်လာပါလိမ့် မယ်။ ခုဆိုရင် စီးပွားရေးအကျိုးအမြတ်သာ မကဘဲ၊ သဘာဝပတ်ဝန်းကျင်နဲ့လိုက်လျော ညီထွေဖြစ်မယ့်မြို့ပြစီမံကိန်းက တရုတ်နိုင်ငံ တစ်ခုတည်းမှာတင် ၃ဝဝ ကျော်ရှိနေခဲ့ပါပြီ
ကမ္ဘာကြီးကို တတ်နိုင်သမျှ ကယ်ဆယ် ဖို့အတွက် မြို့ပြရဲ့အခန်းကဏ္ဍကို အရင်ကထက် ပိုပြီးတာဝန်ယူလာကြပါပြီ။
|
|
|
|
အမေရိကန်သမ္မတ ဟောင်း ဘီလ်ကလင်တန်ကတော့ မြို့ကြီးပေါင်း ၄ဝ က မြို့တော်ဝန်တွေကိုဖိတ်ခေါ်ပြီး၊ ဖန်လုံအိမ် အာနိသင်ရှိတဲ့ဓာတ်ငွေ့တွေ ထုတ်လွှတ်မှုလျှော့ ချဖို့အကောင်းဆုံး ဘယ်လိုကျင့်သုံးကြမယ်ဆို တာ ဆွေးနွေးပွဲတစ်ခုစီစဉ်ခဲ့ပါတယ်။ တကယ် လို့သာ မြို့ပြတွေကို သဘာဝပတ်ဝန်းကျင်နဲ့ ညီညွတ်အောင် လုပ်နိုင်မယ်ဆိုရင် နိုင်ငံရဲ့ ဂျီဒီပီ တိုးနှုန်းကို ၁ ကနေ ၁ .၅ ရာခိုင်နှုန်းအထိမြင့် သွားစေလိမ့်မယ်လို့ မက်ကင်းဆေးအတိုင်ပင်ခံ ဖွဲ့ကြီးက အိန္ဒိယနိုင်ငံကို ဥပမာပေးပြောခဲ့ပါ တယ်။
|
|
|
|
|
ဒီလိုနည်းနဲ့ ကမ္ဘာကြီးရဲ့ ဓာတ်ခွဲခန်းလို မြို့ပြတွေပေါ်လာဖို့ဆိုတာ ဘယ်အချိန်မှ ဖြစ် လာမှာလဲ။မြို့ပြတွေဟာ ကင်ဆာဆဲလ်တွေ လို ရောဂါဝေဒနာတွေကိုပဲ ဆက်ပေးနေမှာ လား၊ ဒါမှမဟုတ် ကမ္ဘာသစ်ကြီးအတွက် အုတ် မြစ်တွေပဲ ဖြစ်လာမှာလား။
|
|
နှစ်ခုစလုံးလည်း ဖြစ်နိုင်ပါရဲ့။ ဆင်းရဲမွဲတေမှု၊ လူတန်းစားကွာဟ မှုနဲ့ ရာသီဥတုပြောင်းလဲလာမှုတွေကို ပြဿနာ တွေအဖြစ် ရှုမြင်တဲ့နောက်မှာ မြို့ပြတွေဟာ အဖြေတွေကို ဆောင်ကြဉ်းလာမှာပါ။
|
|
မှန်မှန် ကန်ကန်ရွေးချယ်ဆုံးဖြတ်နိုင်ဖို့တော့ လိုပါလိမ့် မယ်။ မြို့ပြတွေ ကောင်းမွန်လာပြီး လူသားရဲ့ အနာဂတ် ပိုမိုတောက်ပြောင်လာပါစေ။
|
စောထူးပွယ် TRef: Beyond City Limits
By Parag Khanna
|